ရွှေထူး ရွှေမှုံရတီ နေခြည်ဦး တို့ သုံးဦးရဲ့ ပထမဆုံး တွေ့ဆုံကြရမဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီး

0
1879

7 sense Film Production ရဲ့တင်ဆက်မှုအနေနဲ့ နှလုံးသားတံခါးပေါက်ကို ဝင်ချည်ထွက်ချည်လုပ်တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ စတင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ရုပ်ရှင်ကန်တော့ပွဲကိုလည်း ဇွန်လ ၁ ရက်နေ့ ရွှေတိဂုံဘုရားအောင်မြေမှာ နံနက် ၇ နာရီမှ စတင်ကျင်းပသွားမယ်လို့သိရပါတယ်။ ဒါ့ကြောင့် စာနယ်ဇင်း ရုပ်သံ အွန်လိုင်း မီဒီယာသမားများဂာီအစ်ကိုမောင်နှမများအား လာရောက်ဖို့ ဖိတ်ခေါ်ထားပါသေးတယ်။

“ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာ မရိုက်ခင်ထဲက ပရိတ်သတ်များ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဇာတ်ကားကြီးပါပဲ။ဒီဇာတ်ကားကြီးကို ဇာတ်လမ်း ဇာတ်ညွှန်း မိုးနီလွင် ဒါရိုက်တာ အကယ်ဒမီ ညွှန့်မြန်မာညီညီမောင် ရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင်များကတော့ ပရိတ်သတ်တွေ စိတ်ဝင်စားအခံရဆုံး အဆိုတော် သရုပ်ဆောင်ရွှေထူး ရွှေမှုံရတီ နဲ့ နေခြည်ဦးတို့ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ သရုပ်ဆောင် ဖြိုးငွေစိုးမှ အထူးဧည့်သည်သရုပ်ဆောင်အဖြစ်လည်း ပါဝင်သွားမှာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ သရုပ်ဆောင်အသစ်တွေနဲ့ ဝါရင့်သရုပ်ဆောင်တွေ တွဲရိုက်ရမှာ ဖြစ်လို့တကယ့်ကို စိန်ခေါ်မှုအားကောင်းတဲ့ ဇာတ်ကားကြီးပါပဲနော်။
အဆိုတော်သရုပ်ဆောင် ရွှေထူးက ၂၇ ရက်နေ့ကမှ “ခလုတ်” သီချင်းကို ပရိတ်သတ်များအတွက် ဖြန့်ချီပေးပြီးဖြစ်ပါတယ်။ ပရိတ်သတ်များ အားပေးကြတဲ့ ရွှေထူးဟာ သရုပ်ဆောင်ပိုင်းမှာလဲ “ပက်ပက်စက်သက်ညို့” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြသခဲ့ပြီးဖြစ်တဲ့အတွက် အခုဇာတ်ကားကြီးကတော့ သူ့ရဲ့ဒုတိယကားကြီးပဲဖြစ်ပါတယ်။


Beauty Blogger သရုပ်ဆောင်နေခြည်ဦးဆိုရင်လည်း မိန်းကလေးအများစုရဲ့ အချစ်တော်ချီချီအဖြစ် ခုချိန်ထိကိုအောင်မြင်မှုတွေရရှိနေတဲ့သူတယောက်ပါပဲ။ မကြာသေးခင်ကလည်း သရုပ်ဆောင် နေမင်း ဝတ်မှုံရွှေရည်တို့နဲ့ဇာတ်ကားကြီးတစ်ကား
ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ သူမအတွက်လဲ ဒီဇာတ်ကားကြီးက ဒုတိယကားအနေနဲ့သရုပ်ဆောင်ရမှာဖြစ်ပါတယ်။


ရွှေမှုံရတီကတော့ ပြောပြစရာမလိုလောက်အောင် သရုပ်ဆောင်ပိုင်းမှာ အရမ်းကိုတော်လွန်းပြီး အလန်းစားFashion တွေနဲ့တကယ့်ကိုချစ်စရာကောင်းလွန်းပါတယ်။ သူမအနေနဲ့ကတော့ အသစ်တွေကို လက်တွဲခေါ်သွားနိုင်မှာဖြစ်ပြီး တကယ့်ကိုစိတ်ဝင်စားမှုခံရတဲ့ ဇာတ်ကားကြီးဖြစ်နေပါတယ်။


အထူးဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်မဲ့ ဖြိုးငွေစိုးဆိုတာကလည်း ဟိုးအရင်နှစ်ပေါင်းများစွာထဲက အနုပညာနဲ့ဖြတ်သန်းလာခဲ့တဲ့ နာမည်ကြီးမင်းသားတစ်လတ်ပါပဲနော်။
ဒီလိုအားပြိုင်မှုတွေနဲ့ “ဧည့်သည်” ဇာတ်ကားကြီးကို ပရိတ်သတ်များအတွက် ကြိုတင်ရင်ခုန်လို့ရအောင် သတင်းကောင်းပေးလိုက်ပါတယ်နော်။


MyanmarFamousStars.com မှတင်ဆက်ထားသော သတင်းများ၊ဆောင်းပါးများသည် MyanmarFamousStars.com ၏မူပိုင် Content များဖြစ်ပါသည်။ ဖေ့စ်ဘုတ်နှင့် ခြားလူမူကွန်ရက်စာမျက်နှာများ၊ website များတွင် MyanmarFamousStars.com မူပိုင် Content များအား ခွင့်ပြုချက်ရယူခြင်းမရှိဘဲ စီးပွားရေးဖြစ် ကူးယူသုံးစွဲနေသည်ကို တွေ့ရပါသည်။ သို့ဖြစ်ပါ၍ MyanmarFamousStars.com ၏ ကြိုးစားတင်ဆက်မှုနှင့် မူပိုင်ခွင့်ကို အသိအမှတ်ပြုသောအားဖြင့် စီးပွားဖြစ်သော်လည်းကောင်း၊ ကြိုက်နှစ်သက်၍ သော်လည်းကောင်း ကူးယူဖော်ပြလိုပါက MyanmarFamousStars.com အား Credit ပေးကာ ကူးယူဖော်ပြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here